မချမ်းဘောမြို့နယ်ရှိ အခြေခံ ပညာကျောင်းများ၌ ကျောင်းအပ်နှံခြင်းများ စတင်လျက်ရှိ

မချမ်းဘော မေ၂၃

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းများကို ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် ယနေ့နံနက် ၉ နာရီမှစ၍ ကျောင်းအပ်နှံလက်ခံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မချမ်းဘောမြို့နယ် အခြေခံပညာဦးစီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးများ အားလုံးပညာမဝေးစေရန်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် မတိုင်မီ မေလ ၉ရက်နေ့မှစ၍ ကျောင်းအပ်နှံရေး အသိပေးဆိုင်းဘုတ်စိုက်ထူခြင်းများ၊ မေလ ၂၃ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။

မချမ်းဘောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာမူလတန်းကျောင်း (၂၅)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၄)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၁)ကျောင်း အခြေခံပညာကျောင်းစုစုပေါင်း (၃၄) ကျောင်း ဖွင့်လှစ်ကာ ပညာသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော့)