ဟိုပင်မြို့ရှိ အခြေခံပညာစာသင်ကျောင်းများတွင် ၂၀၂၃−၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်

ဟိုပင် မေ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ရှိ အခြေခံပညာစာသငကျောင်းများတွင် မေလ (၂၃) ရက်၊ နံနက် (၉) နာရီမှစတင်၍ ၂၀၂၃−၂၀၂၄ပညာသင်နှစ်၊ ပညာသင်ကြားပေးနိုင်ရန် ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက်ရှိပါသည်။

ဟိုပင်မြို့အတွင်းတွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို မေလ(၂၃) ရက်မှ (၃၁) ရက်အထိ ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်နှံခြင်းကို လက်ခံ ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ကျောင်းအပ်နှံရာတွင် ကျောင်းသား/သူများအား နိုင်ငံတော်မှ မူလတန်းအဆင့် ကျောင်းသား/သူများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံ(တစ်)စုံစီ အခမဲ့ထောက်ပံ့ပေးခြင်း၊ အလယ်တန်းနှင့်အထက်တန်း ကျောင်းသား/ ကျောင်းသူများအတွက် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်နှင့်ခဲတံ၊ ဘောပင်များကိုအခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

လင်းသွယ်သွယ်ဦး (ပြန်/ဆက်)