ပုသိမ် အောက်တိုဘာ ၇
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများဖြစ်ပွားနေသောကြောင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပုသိမ်ခရိုင် ပြည်သူ့စာကြည့်တိုက်အား ခေတ္တယာယီ ပိတ်ထားစဉ် ကာလအတွင်း စာပေကိုချစ်မြတ်နိုးသော စာဖတ်ပရိသတ်များနှင့် ကလေးငယ်များ အသိပညာဗဟုသုတများ တိုးပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများကို ပုသိမ်ခရိုင် ပြည်သူ့စာကြည့် တိုက် Facebook page On line အစီအစဉ်ဖြင့် အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဝန်ဆောင်မှုပေးလျက်ရှိသည်။
အဆိုပါ On line မှတဆင့် အသိပညာပေးရာတွင် စာဖတ်ပရိသတ် ပြည်သူများနှင့် ကလေးငယ်များအတွက် ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာဖတ်သူအကြိုက် စာပေဆွေးနွေးခြင်းနှင့် Talk Show အစီအစဉ်များ ပြုလုပ်ပေးနေသကဲ့သို့ Covide-19 ရောဂါဆိုင်ရာ အသိပေးသတင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းများ၊ ဒေသဆိုင်ရာ သတင်းများနှင့် နိုင်ငံတော် အစိုးရ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်ချက်မှတ်တမ်းများ အစရှိသည့် ပြည်သူများ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များကိုလည်း IPRD Pathein Facebook တွင် နေ့စဉ်ဖော်ပြပေး လျက်ရှိကြောင်းသိရသည်။
မဇင်နွယ် (ပြန်/ဆက်