ကာမိုင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းများအားလုံး ကျောင်းအပ်လက်ခံ

ကာမိုင်း မေ ၂၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းများအားလုံးကို ယနေ့ နံနက်ပိုင်းက ကျောင်းအပ်လက်ခံလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ မိဘ (သို့မဟုတ်) တာဝန်ရှိသူများက ကိုယ်တိုင်းလာရောက်၍ ကျောင်းအပ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကျောင်းအပ်ရာတွင် KG တန်းမှ Grade-12 တန်းအထိ ကျောင်းသား၊ ကျောင်းသူများကို လက်ခံပေးလျက်ရှိကြောင်း သိရသည်။ 

လဆိုင်း(ပြန်/ဆက်)