ဆွမ်ပရာဘွမ်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

ဆွမ်ပရာဘွမ်   မေ ၂၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်နေ့နံနက်ပိုင်းမှ စတင်ပြီးအဆိုပါကျောင်းများ၌ ကျောင်းသား/ကျောင်းသူများအား စတင်လက်ခံ‌ပေးလျက်ရှိကြောင်း သိရသည်။

အ‌ခြေခံပညာကျောင်းများကိုဇွန် ၁ ရက်နေ့မှစတင်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ခုနှစ်၊ ပညာသင်နှစ်အခြေခံပညာ KG တန်းမှGrade-12 အထိ အတန်းများကို ကျောင်းအပ်နှံရေးရက်သတ္တပတ်အဖြစ်မေ (၂၃) ရက်နေ့မှ ဇွန်လဆန်းကျောင်းမဖွင့်မှီ ကာလအထိသတ်မှတ်ထားပြီး ဆွမ်ပရာဘွမ်မြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းခွဲကျောင်း (၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၁) ကျောင်း၊ မူလတန်းကျောင်း (၉) ကျောင်း၊စုစုပေါင်း (၁၃) ကျောင်းဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းအပ်လက်ခံခြင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာအကြီးအကဲများ၊မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/ကျောင်းသူများ ပါဝင်ခဲ့ကြောင်းသိရသည်။

ဧပရယ်မိုး (ပြန်/ဆက်)