ဒေါ့ဖုန်းယန် မေ ၂၄
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့ရှိ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရေးနှင့် ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပ စေရေးအတွက်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို မေ ၂၄ ရက် နံနက် (၇) နာရီအချိန်က ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ငှက်ဖျားရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါမဖြစ်ပွားစေရေးနှင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဌေးလင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မီသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေပြည်သူများပူးပေါင်း၍ ဒေါ့ဖုန်းယန်မြို့ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်များရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)