ဆွမ်ပရာဘွမ် ဖေဖော်ဝါရီ ၂၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့ဆေးရုံ၌ ပြည်သူများအား သွားဘက်ဆိုင်ရာ ကျန်းမာရေး အခမဲ့ စစ်ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ နယ်လှည့်ဆရာဝန်များက အခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။
နယ်လှည့်သွားဆရာဝန်များ အခမဲ့ကုသပေးခြင်းကို မန္တလေးသွားဆေးတက္ကသိုလ်အဖွဲ့မှ ဆွမ်ပရာဘွမ်မြို့နယ်တွင်ရှိသည့် ကျေးလက်နေပြည်သူများအား သွားဘက်ဆိုင်ရာ ကျန်းမာရေးလုပ်ငန်းများနှင့် ပတ်သက်၍ စေတနာဖြင့် အခမဲ့လာရောက် ကွင်းဆင်းကုသပေးခြင်း ဖြစ်သည်။
အဆိုပါ သွားဆေးကုသရာ၌ မန္တလေးသွားဆေးတက္ကသိုလ်မှ ဒေါက်တာရဲဝင်းနိုင်ဦးဆောင်သော အဖွဲ့ဝင်(၅)ဦးမှ သွားဘက်ဆိုင်ရာကျန်းမာရေးလုပ်ငန်းများကို အခမဲ့ကုသပေးခဲ့ရာ သွားနုတ် သွားဖာ၊ သွားကြေးချွတ်၊ သွားနှင့်ခံတွင်းလူနာစုစုပေါင်း (၅၃)ဦး လာရောက် ကုသခဲ့ကြောင်း သိရသည်။
ကုဋေ (ပြန်/ဆက်)