ပြင်စလူ အောက်တိုဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့ပေါ် (၃)ရပ်ကွက်ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ကျေးလက်ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် အသက်(၂)နှစ်အောက် ကလေးများအတွက် လစဉ် ဘီစီဂျီ၊ ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရို)တာ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)တို့ ထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆုံဆိုမေးခိုင်ကာကွယ်ဆေး ထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ပြင်စလူမြို့ပေါ် (၃)ရပ်ကွက်အတွင်းရှိ အသက်(၂) အောက်ကလေးငယ် (၂၀)ဦးနှင့် ကိုယ်ဝန်ဆောင်မိခင်(၂၂)ဦးတို့အား လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရှိရသည်။
ဇင်ဖြိုးသူ(ပြန်/ဆက်)