တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကဗျာရေးသားနည်း သင်တန်းဖွင့်လှစ်

တနိုင်း မေ ၂၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မေလ ၂၄ ရက်နေ့ ညနေ ၃ နာရီက ကဗျာရေးသားနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ ဒေါ်ဝါဦးက လူငယ်လူရွယ်လေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ သင်တန်းများဖွင်လှစ်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး သင်တန်းဆရာဦးကောင်းဇင်သော်က စာပေကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ ကဗျာအမျိုးအစားများစွာရှိရာ ခေတ်လူငယ်များ မြန်မာ့ကာရန်ကဗျာကို တန်ဖိုးထားတတ်စေရန်နှင့် သာမာန်အရေးအဖွဲ့များမှ အဆင့်မြင့် အရေးအဖွဲ့များ အထိလေ့လာရေးဖွဲ့တတ်စေရန် ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၃) ဦး တက်ရောက်ပြီး၊ မေလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ  ၂ ရက်ကြာဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပန်းအိ (တနိုင်း)