မဟာအောင်မြေမြို့နယ်၌ လစဉ် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များငှားရမ်းခြင်း ဆောင်ရွက်

မဟာအောင်မြေ မေ ၂၅

မန္တ‌လေးခရိုင်၊ မဟာအောင်မြေမြို့နယ်၌ Mobile Library စနစ်ဖြင့် လစဉ်စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မဟာအောင်မြေမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးသို့ စာအုပ်၊ စာ‌စောင်များ သွားရောက်ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုး‌ကြောင့် ကိုယ်တိုင်မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအား စာအုပ်စာပေများကို အလွယ်တကူဖတ်ရှုလေ့လာနိုင်ရန်ရည်ရွယ်၍ စာဖတ်ပရိသတ်များထံအရောက် ကွင်းဆင်း ဆောင်ရွက်ခြင်းဖြစ်ပြီး စာအုပ်စာစောင်အသစ်များ ‌ရောက်ရှိပါက သွားရောက်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့ဆောင်ရွက်ရာတွင် စာဖတ်ပရိတ်သတ်များ ကြိုက်နှစ်သက်သည့် သုတ/ရသစာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္ထု စာအုပ်များနှင့် ရုပ်ပြစာအုပ်များအား စာဖတ်ပရိသတ်များထံ လက်ဝယ်အရောက် သွားရောက်ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူးနှင့်ဝန်ထမ်းများက စာဖတ်ပရိသတ်များထံသို့ ကိုယ်တိုင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း