ဗန်းမော် မေ ၂၄
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မေလ ၂၅ ရက် နံနက်(၉)နာရီကလက်ခံ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်ရာတွင် ကျောင်းသား ကျောင်းသူ၊ မိဘနှင့်အုပ်ထိန်းသူများလိုက်ပါ၍ (Grade-6 မှ Grade- 12 အတန်းအထိ) ကျောင်းအပ် လက်ခံခြင်းကို ကျောင်းအုပ် ဆရာ/မကြီးများနှင့် ဆရာ/ဆရာမများကလက်ခံ ဆောင်ရွက် ပေးလျက်ရှိပြီး မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ လက်ခံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား တစ်ဦးလျှင် နိုင်ငံတော်က ပုံနှိပ်စာအုပ်တစ်စုံ၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် မူလတန်းအဆင့် ကျောင်းသားကျောင်းသူများ အတွက် ကျောင်းဝတ်စုံများကိုပါ အခမဲ့ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းနှင့် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့က စတင် လက်ခံ ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရပါသည်။
ခရိုင်(ပြန်/ဆက်)