ချောင်းသာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ချောင်းသာ  အောက်တိုဘာ ၇

‌ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ကိုမြို့အုပ်ချုပ်ရေးမှူး ဦးဆောင်သော ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ တာဝန်ခွဲဝေ၍ မြို့ဝင်စစ်ဆေး ရေးဂိတ်ပြုလုပ်ကာ အလှည့်ကျတာဝန်ယူဆောင်ရွက်ခြင်း၊ စောင့်ကြည့်ရေး အဖွဲ့များ၊ ရွေ့လျှားအဖွဲ့များ ဖွဲ့စည်းထားပြီးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များအတိုင်း ပြည်သူများလိုက်နာနိုင်ရန် ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ Quarantine Center များပြုလုပ်၍ လိုအပ်သလိုကျန်းမာရေး စောင့်ရှောက်မှုများကို ပြုလုပ်လျှက်ရှိရာ ချောင်းသာရွာမ ဘုတ်ဆုံမ ဘုန်းကြီးကျောင်းတွင် Quarantine Center တစ်ခု၊ အ.မ.ကချောင်းသာတွင် Quarantine Centerတစ်ခု၊‌ ချောင်းသာရွာသစ် ဘုန်းတော်ကြီးကျောင်းတွင် Quarantine Center တစ်ခုဖြင့် လုပ်ဆောင်လျက်ရှိသည်။

အဆိုပါ လုပ်ငန်းများလုပ်ဆောင်ရာတွင် ငွေကြေးလိုအပ်ချက်များကို ချောင်းသာမြို့တွင်းမှ အလှူရှင်များ၊ လုပ်အားလိုအပ်ချက်များကိုချောင်းသာမြို့ရှိ Voluenteer များဖြင့် စဉ်ဆက်မပြတ် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရွှေသောင်ယံ (ပြန်/ဆက်)