မံစီမြို့နယ်၌ အသက်(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်း လုပ်ငန်းကို ပုံမှန်ဆောင်ရွက်

မံစီ အောက်တိုဘာ

ကချင်ပြည်နယ်ဗန်းမော်ခရိုင်မံစီမြို့နယ်၌ အသက်()နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းကို လစဉ်ပုံမှန် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် နာရီက မံစီမြို့တော်ခန်းမ၌ အသက်()နှစ်အောက် ကလေးငယ်များကို ထိုးနှံတိုက်ကျွေး ပေးခဲ့ကြောင်း သိရသည်။

မံစီမြို့ပေါ်၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ လစဉ်()ရက်နေ့တွင် အသက်()နှစ်အောက် ကလေးငယ်များကို လည်းကောင်း၊ () ရက်နေ့တွင် အသက်()နှစ်အထက်နှင့် ()နှစ်အောက် ကလေးငယ်များကို လည်းကောင်း အုပ်စုနှစ်ခုခွဲကာ နေရာအကျယ်အဝန်းရှိသည့် မြို့တော်ခန်းမ၌ ထိုးနှံပေးလျက်ရှိနေပြီး ကိုယ်ဝန်ဆောင် မိခင်များကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ နေ့စဉ်ပုံမှန်လက်ခံ ထိုးနှံတိုက်ကျွေး ပေးလျက်ရှိနေကြောင်း သိရသည်။

ကျေးရွာများတွင်လည်း ကျေးရွာကျန်းမာရေးဝန်ထမ်းများက တာဝန်ယူ၍ ကျေးရွာလိုက် နေရာ အကျယ်အဝန်းရှိသည့် နေရာများ၌ လစဉ်ပုံမှန် ထိုးနှံပေးလျက်ရှိနေကြောင်း သိရသည်။

ရိန် (ပြန်/ဆက်)