ချင်းပြည်နယ်အတွင်း Door to Door စနစ်ဖြင့် မဲစာရင်း စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်သူများအား တစ်မြို့နယ်ငွေကျပ်သိန်း (၃၀)နှုန်းထောက်ပံ့

ဟားခါး  အောက်တိုဘာ ၇

ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် Door to Door စနစ်ဖြင့် မဲစာရင်းစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်သူများအား လုပ်ငန်းဆောင်ရွက်မှု ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ တစ်မြို့နယ်လျှင် ငွေကျပ်သိန်း(၃၀)နှုန်းဖြင့် အောက်တိုဘာလ ၆ ရက်နေ့က ထောက်ပံ့ပေး ခဲ့ကြောင်း သိရှိရသည်။

 ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင့်ခွင့်ရှိသူတိုင်း ရွေးကောက်ပွဲ ဆိုင်ရာ အခွင့်အရေးများ ဆုံးရှုံးမှု မရှိစေရေးနှင့် မဲစာရင်းကျန်ရစ်မှု မရှိစေရေးအတွက် Door to Door စနစ်ဖြင့် မဲစာရင်းစိစစ်ခြင်း လုပ်ငန်းဆောင်ရွက်သူများအား ချင်းပြည်နယ်အစိုးရအဖွဲ့မှ ချင်းပြည်နယ် အတွင်း မြို့နယ်တစ်မြို့နယ်လျှင် ငွေကျပ်သိန်း(၃၀) နှုန်းဖြင့် မြို့နယ်(၉)မြို့နယ်အတွက် ထောက်ပံ့ငွေ စုစုပေါင်း ငွေကျပ် သိန်း(၂၇၀)နှင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ချင်းပြည်နယ် အတွင်းရှိ ပူးပေါင်းစစ်ဆေးရေး ဂိတ်များတွင် ပူးပေါင်းစစ်ဆေးရေး ဂိတ်စာတန်းဗွီနိုင်းထုတ်ပြီး ချိတ်ဆွဲနိုင်ရေးအတွက် ချင်းပြည်နယ်အတွင်း ပူးပေါင်းစစ်ဆေးရေးဂိတ် တစ်ခုလျှင် ငွေကျပ်(၄၅၆၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

အောင်ခွီရှိန်း(ပြန်/ဆက်)