အင်ဂျန်းယန်မြို့၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

အင်ဂျန်းယန်  အောက်တိုဘာ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ် ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂)အုပ်စုရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ(၁)ရက်နေ့မှ စတင်၍ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေငြာထား ကြောင်းသိရသည်။

အဆိုပါ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ် ကပ်ထားကြောညာထားခြင်းကို အောက်တိုဘာ(၁) ရက်နေ့မှ(၁၄)ရက်နေ့အထိ ကြေငြာသွားမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိအမည် စာရင်းမပါရှိ လျှင်ပုံစံ(၃)ဖြင့်လာရောက် လျှောက်ထားနိုင်ခြင်း၊ မဲစာရင်းတွင် မပါသင့်သူများပါဝင်ပါက ပုံစံ(၄)ဖြင့် လာရောက် ကန့်ကွက်ခြင်း၊ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့်ပြင်ဆင်ရန်လာ ရောက်လျှောက် ထားခြင်းတို့ကို ကြေငြာသည့်ရက်များတွင် ပြန်လည်လာရောက် လျှောက်ထား နိုင်ကြောင်းနှင့် ပြန်လည် လျှောက်ထားခြင်းများအပေါ် တာဝန်ရှိသူများမှ ပြန်လည်စိစစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများ လာရောက် ကြည့်ရှုကြရန် နှိုးဆော်ထားကြေင်းနှင့် အင်ဂျန်းယန်မြို့နယ်တွင် မဲရုံပေါင်း(၇)၊ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် (၁၅၅၇)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရှိရ သည်။

ကျော်စိုးနိုင်(ပြန်/ဆက်)