နောင်မွန်းမြို့နယ်၌ ကျောင်းသန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နောင်မွန်း မေ ၂၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဖွင့်ရာသီအစတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ကြည်လင်စွာဖြင့် ကျောင်းတက်ရောက်နိုင်စေရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ စုပေါင်းသန့်ရှင်းရေးကို မေလ ၂၇ ရက်နေ့ နံနက် ၆ နာရီတွင် နောင်မွန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့နှင့် အမှတ်(၁၃၈) ခြေလျင်တပ်ရင်းရှေ့တန်းစခန်းမှ တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား (၆၀)ခန့်ဖြင့် ကျောင်းခန်းထိုင်ခုံစီ ခြင်းနှင့် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ကျောင်းဝန်းအတွင်း အမှိုက် ရှင်းလင်းခြင်း၊ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေဝပ်နေရာများ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး ဖောက်ထုတ်ရှင်းလင်းခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)