မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

မိုင်းလုံ မေ ၃၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် က‌‌လေးငယ်များအား ဆေးရောင်ခြယ်ပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်ခန့်က ကျင်းပဆောင်ရွက်ခဲ့သည်။

ယခုကဲ့သို့ ဆောင်ရွက်‌ပေးခြင်းသည် ကလေးများ၏ စိတ်ကိုပျော်ရွင်စေရန်၊ အရောင်များကို ခွဲခြားတက်စေရန်၊ စာကြည့်တိုက်ကို ပိုမိုရင်းနှီးစေရန်နှင့် နွေရာသီ‌ကျောင်းပိတ်ရက် အားလပ်သောအချိန်ကို အကျိုးရှိစွာ အသုံးပြုစေရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်စုစုဝင်းက ကလေးငယ်များကို ပုံတူစာရွက်များပေးပြီး မိမိစိတ်ကြိုက်ဆေးရောင်များကို ခြယ်ခြင်းဖြင့် ယှဉ်ပြိုင်စေရာ ပြိုင်ပွဲ၀င်ကလေးအားလုံးကို အမှတ်တရလက်ဆောင် စာအုပ်များ‌ ပေးအပ်ပြီး အာဟာရအဖြစ်မုန့်များ တိုက်‌‌ကျွေးခဲ့ကြောင်း သိရသည်။   

ဇော်ဇော်(ပြန်/ဆက်)