မိုင်းယန်း အောက်တိုဘာ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်းရှိ အသက် ၈၀ နှင့် ၈၅ နှစ်ကြားဘိုးဘွားများနှင့် ၈၅ နှစ်အထက် ဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ် ခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်က တာဝန်ရှိသူ များမှ အိမ်တိုင်ရာ ရောက်ထောက်ပံ့ငွေပေး အပ်ခဲ့သည်။
အဆိုပါ လူမှုရေးပင်စင်ကို မိုင်းယန်းမြို့ပေါ်ရှိအသက် ၈၀ နှင့် ၈၅ နှစ်ကြားဘိုဘွား(၂၂)ဦးအား ကိုဗစ် - ၁၉ ရောဂါကူးစက်ဖြစ်ပွားနေ သည့်ကာလအတွင်း ဆေးဝါးကုသမှုအစီအစဉ်အရ တစ်ဦးလျှင် (၃၀၀၀၀) ကျပ် နှင့် စုစုပေါင်း (၆၆၀၀၀၀)ကျပ်ကိုလည်းကောင်း၊ အသက် ၈၅ နှစ်အထက် ဘိုးဘွား (၁၈)ဦးတို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေ တစ်ဦးလျှင်(၃၀၀၀၀)ကျပ်နှင့် စုစုပေါင်း(၅၄၀၀၀၀)ကျပ်ကိုလည်းကောင်း မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဇော်လင်းထက်နှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများသက်ဆိုင်ရာရပ်ကွက်စာရေးနှင့်အုပ်ချုပ်ရေး မှုးတို့က မြို့ပေါ်ရပ်ကွက်များအတွင်းရှိ သက်ကြီးဘိုးဘွားတို့၏ နေအိမ်များသို့ သွားရောက်၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများအလိုက် ကျေးရွာ များရှိ အသက် ၈၀ နှင့် ၈၅ နှစ်ကြားဘိုးဘွားများနှင့် အသက် ၈၅ နှစ်အထက် ဘိုးဘွားများအား မြို့နယ်စီမံခန့်ခွဲ မှုကော်မတီဥက္ကဌ နှင့် အဖွဲ့ဝင်များ၊လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာစာရေးတို့မှ ကျေးရွာများသို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းထူး (ပြန်/ဆက်)