မိုင်းခတ်မြို့နယ်၌ အသက်(၈၀) နှင့်(၈၅)နှစ် ကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်

မိုင်းခတ် အောက်တိုဘာ ၇

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ အသက်၈၀နှင့်၈၅နှစ်အကြား သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်ရှိ ဘိုးဘွားများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပေးအပ်ရာသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဒေါ်မာဂရက်(အငယ်တန်းစာရေး)၊ ဦးမာကု (လူမှု၄)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့က ဘိုးဘွားတစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

မိုင်းခတ်မြို့နယ်၌အသက်(၈၀)နှင့်(၈၅)နှစ်ကြား သက်ကြီးဘိုးဘွားစုစုပေါင်း(၃၇)ဦး ရှိ‌ကြောင်း သိရသည်။

မိုးဒေ (ပြန်/ဆက်)