မိုင်းရှူး ဇွန် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းကို ယနေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
သင်တန်းတွင် ဆရာဦးကျော်သက်ဝင်း (Golden Lotus Computer Centre)က ကွန်ပျူတာကို အခြေခံမှစ၍ ရုံးစာ၊ ဖိတ်စာ၊ အထွေထွေသိမှတ်စရာများ သင်ကြားပို့ချကာ သင်တန်းကို နံနက်(၇)နာရီမှ ည(၈)နာရီအတွင်း တစ်ရက်လျှင်(၁)နာရီဖြင့် ဇွန်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့ထိ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။
အဆိုပါ အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက် ကြကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)