သိန္နီ ဇွန် ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းတို့ ပူးပေါင်း၍ အခြေခံ ရှမ်းစာ၊ စကားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် Community Centre ဖွင့်လှစ်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းနာယက ဦးစိုင်းဝင်းခိုင်က သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် ယခုဖွင့်လှစ်သင်ကြားသော သင်တန်းသည် မိမိတို့အတွက် များစွာ အကျိုးရှိသောကြောင့် စိတ်ပါဝင်စားစွာ သင်ယူမှတ်သားကြရန် လိုအပ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ရှမ်းပြည်နယ်ရောက်ရှိနေသောအချိန်တွင် ရှမ်းစကားနှင့် စာအား သင်ယူတက်မြောက်ရန် လိုအပ်ကြောင်း၊ သင်တန်းကာလ ရက်(၂၀) အတွင်း ကြိုးစားသင်ယူလိုက်ခြင်းဖြင့် မိမိတို့ဘဝတစ်လျှောက်လုံး ဘာသာစကားတစ်ခုအား သင်ယူတက်မြောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းအား မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ဇွန်လ (၁) ရက်နေ့မှ (၂၀) ရက်နေ့အထိ နေ့စဉ် နံနက် ၈ နာရီမှ ၉ နာရီအထိ အခမဲ့ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ သင်တန်းတွင် သင်တန်းသူ၊ သင်တန်းသား (၂၀)ဦးခန့် တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)