တီးတိန် အောက်တိုဘာ ၈
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက တီးတိန်မြို့ပေါ် (၄)ရပ် ကွက်ရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ၂၀၂၀ပြည့်နှစ် ၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်း ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် ကြေညာကပ်ထား ရှိမှု အခြေအနေကို ကြည့်ရှုစစ်ဆေးကြသည်။
ထိုသို့စစ်ဆေးရာတွင် ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးများ၏ လုပ်ငန်းဆောင်ရွက်ချက်များ အဆင်ပြေစေရေး ညှိနှိုင်းဆောင်ရွက်ပေးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် "သင့်အမည် မဲဆန္ဒရှင်စာရင်းမှာ ပါမပါ စစ်ဆေးပြီးပြီးလား" လက်ကမ်းစာစောင်များနှင့် ပိုစတာများကို မြို့အဝင်ဂိတ် များတွင်ဖြန့်ဝေသည်။
တီးတိန်မြို့နယ်တွင် ခိုင်ကမ်းမြို့အပါ အဝင် မဲရုံ (၁၄၀)ရုံ ဖွင့်ပြီး မဲဆန္ဒ ရှင်အမျိုး သား ၂၈၁၀၄ ဦး၊ အမျိုးသမီး ၂၉၅၇၄ ဦး၊ မဲဆန္ဒရှင် စုစုပေါင်း ၅၇၆၇၈ ဦး စာရင်းမှန်ပြုစုထားပြီး ယခုလ ၁၄ ရက်နေ့အထိ ကြေညာကပ်ထားမည်ဖြစ်ကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)