ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်ပေး

တွန်းဇံ          အောက်တိုဘာ          ၈

ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေးခြင်းလုပ်ငန်းကို တွန်းဇံမြို့၊ ကျေးလက်ကျန်းမာရေး ဌာန(MCH) ရှိဝန်ထမ်းများ၊ လူမှုဝန်ထမ်းဦးစီးဌာနရှိဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများပူပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။

တွန်းဇံမြို့ပေါ်ရှိ ပြည်သူများ၊ တွီးတူမ်းကျေးရွာနှင့် တုန်းတွောင်ကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်ရေး ထုတ်ပြန်ချက်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်မှု ကော်မတီ၏ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာလုပ်ငန်းများတွင် ပြည်သူများ သိရှိလိုက်ရန် ထုန်ပြန်ချက်များနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာပညာပေး တေးသီချင်းများအား  မြို့ပေါ်၊ ကျေးလက်နေ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန် သိရှိနိုင်စေရေးအတွက် တွန်းဇံမြို့၊ ကျေးလက်ကျန်းမာရေးဌာန (MCH)ရှိဝန်ထမ်းများ၊ လူမှုဝန်ထမ်း ဦးစီးဌာနရှိဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိဝန်ထမ်းများပူပေါင်း၍ အသံချဲ့ စက်ဖြင့် လှည့်လည်နှိုးဆော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝေဖြိုး(ဇလပ်မြေ)