(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြပွဲကျင်းပ

မက်မန်း  ဇန်နဝါရီ   ၂

၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  မက်မန်းခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ ယနေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က ပြိုင်ပွဲကျင်းပရခြင်းများနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။

အဆိုပါပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ စာစီစာကုံးပြိုင်ပွဲဝင် အထက်တန်းအဆင့်(၂၃)ဦး၊ ကဗျာရွတ်ဆိုပြိုင်ပွဲဝင် အလယ်တန်းအဆင့်(၈)ဦး၊ ပန်းချီပြိုင်ပွဲဝင်(၂၉)ဦး စုစုပေါင်း (၆၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဇန်နဝါရီ(၄)ရက်နေ့တွင် ကျရောက်မည့်(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနား တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ပြီး ပြိုင်ပွဲအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်လှိုင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ချီးမြှင့်ကြကြောင်း သိရသည်။

မက်မန်း(ပြန်/ဆက်)