မတူပီမြို့ မြို့အဝင်/အထွက် ပူးပေါင်းစစ်ဆေးရေးဂိတ်များတွင် မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စစ်ဆေးရေးလုပ်ငန်းများ နေ့စဉ်ကြီးကြပ်ဆောင်ရွက်

မတူပီ         အောက်တိုဘာ      ၈

ချင်းပြည်နယ် မတူပီမြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင်  မြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးအတွက် စစ်ဆေးရေးလုပ်ငန်းများတွင် နံနက် ၇ နာရီ မှညနေ ၇ နာရီထိ နေ့စဉ်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မဖြစ်မနေသွားလာနေကြသော ခရီးသွားပြည်သူများကို ခရီးသွားရာဇဝင် မေးမြန်းခြင်း၊ စစ်ဆေးခြင်းနှင့် မှတ်တမ်းကောက်ယူခြင်း၊သက်ဆိုင်ရာခရီးသွားထောက်ခံချက်များ ပါမပါ တိုက်ဆိုင်စစ်ဆေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် ရောဂါ ကြိုတင် ကာကွယ်ရေး အတွက် ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ မြို့ဝင်မြို့ထွက် ပူးပေါင်း စစ်ဆေးရေးဂိတ်များတွင်  မြို့နယ်အဆင့် ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အသီးသီးတို့မှ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် လူမှုအသင်းအဖွဲ့များက ညွှန်ကြားချက်နှင့်အညီ နေ့စဉ်ဆောင်ရွက်လျက်ရှိပြီး ထူးခြားမှုများရှိပါက ကျန်းမာရေး ဌာနနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ တင်ပြဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)