ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ခရေလမ်းတွင် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား

ထားဝယ်   ဇန်နဝါရီ   ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်၊ ခရေလမ်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က  နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဘုမ္မော်ရပ်၊ ခရေလမ်း၊ အိမ်ပိုင်ရှင်ဒေါ်စန်းကြည် နေအိမ်၌ မီးစတင်လောင်ကျွမ်းခဲ့ပြီး  မီးလောင်ကျွမ်းရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းမျိုးဝင်း၊ ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းတို့ ဦးဆောင်၍ မီးငြိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၂)စီးနှင့်အတူ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၅၃)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊  ဒေသခံ ပြည်သူများဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ၃ နာရီခွဲ အချိန်တွင် မီးငြိမ်းခဲ့သည်။

မီးလောင်မှုတွင် ခြင်ဆေးခွေအောက်ခံခွက်မပါရှိပဲ မီးထွန်းရာမှ ဖြစ်ပွားကြောင်းသိရပြီး အုတ်ခံ၊ ပျဉ်ခင်း၊ ကော်ပို့ဇစ်အကာ၊ သ္ပပ်မိုး(၂)ထပ်အိမ်တွင် အပေါ်ထပ်မီးလောင်ခဲ့ရာ မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ထားဝယ်မြို့နယ် ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဦးကျော်ကျော်လတ် (IPRD)