ဟားခါးမြို့သို့ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာခွင့်ပြုမည်

ဟားခါး      အောက်တိုဘာ      ၈

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိမော်တော်ယာဉ်လိုင်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသောအချက်များနှင့့််အညီ မော်တော်ယာဉ်ပြေးဆွဲရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များအား လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ(Swab Negative Certificate)ထောက်ခံစာပေးပြီး ဝင်ထွက် သွားလာခွင့်ပြုနိုင်ရေးအတွက် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီမှ မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင် များအား အသိပညာပေးခြင်းနှင့် စေ့စပ်ညှိနှိုင်း အစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က ဟားခါးမြို့၊ အဝေးပြေးကားဂိတ် တွင်ကျင်းပခဲ့ရာ ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် ကော်မတီဝင်များ၊ ပူးပေါင်းအဖွဲ့ဝင်များ၊ မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ တက်ရောက်ခဲ့ ကြောင်း သိရှိရသည်။

ရှေးဦးစွာ ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးက ကုန်တင်ယာဉ်ပိုင်ရှင်များ၊ယာဉ်ငှားရမ်းသူများ၊ ကုန်ပစ္စည်းလက်ခံ မည့်သူများ လိုက်နာရမည့် အချက်များ၊ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ လိုက်နာရမည့် အချက်များ အပါအဝင် မော်တော် ယာဉ်လိုင်းဆိုင်ရာ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ကျန်းမာရေးစစ်ဆေးသွားမည့် အစီအမံများ ကိုရှင်းလင်းခဲ့ပြီးနောက် ဟားခါးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဇာနည်လင်းက ဟားခါးမြို့သို့ ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ (Swab Negative Certificate)ထောက်ခံစာ ပေးနိုင်ရေးဆိုင်ရာများကိုလည်းကောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့်မော်တော်ယာဉ်ဂိတ်မှူးနှင့် ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များက Swab နမူနာစစ်ဆေးနိုင်ရေး အပြန်အလှန် ပူးပေါင်းဆွေးနွေး ခဲ့ကြကြောင်းသိရှိရသည်။

ဟားခါးမြို့သို့ဝင်ထွက်သွားလာသည့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ ဝင်ထွက်သွားလာခွင့် ပြုမည်ဖြစ်ကြောင်း၊ ဟားခါးမြို့ အဝင်စစ်ဆေးရေး ဂိတ်တွင် နံနက်ပိုင်း(၉)နာရီမှ (၁၁)နာရီအထိ၊ ညနေပိုင်း(၂)နာရီမှ (၄)နာရီအထိ အချိန် နှစ်ပိုင်းခွဲ၍ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ ၉ရက်နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးပြီး Negative အဖြေရသူများကိုသာ(Swab Negative Certificate)ထောက်ခံစာ မြို့တွင်းဝင်ထွက်သွား လာခွင့်ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ Swab နမူနာ(၁)ကြိမ်စစ်ဆေးလျှင် ငွေကျပ်(၂၀၀၀၀) ပေးဆောင်ရ မည်ဖြစ်ကြောင်း၊ Swab နမူနာစစ်ဆေးလျှင် စစ်ဆေး Negative (သို့မဟုတ်) Positiveသိရှိနိုင်ရန် (၂၅)မိနစ်နှင့် မိနစ်(၃၀)ကြာမြင့်ကြောင်း၊ ကျန်းမာရေးစစ်ဆေးခြင်းကို လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းဟားခါးမြို့နယ် ​ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)