ရမည်းသင်း အောက်တိုဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ရမည်သင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးဆောင်၍ ရမည်းသင်း မြို့နယ် Woman Club အဖွဲ့တို့ပူးပေါင်းကာ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်အဓိက မြို့မဈေးအတွင်းဈေးရောင်း၊ ဈေးဝယ်သူပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာစေရန် Mask Campaign ပြုလုပ်၍ အသိပညာပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့မဈေးအတွင်းရှိ ဈေးရောင်းချသူပြည်သူများနှင့် ဈေးဝယ်သူ ပြည်သူများ မဖြစ်မနေ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (Mask) တပ်ဆင်ကြရန်၊ ကိုဗစ်-၁၉ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ညွှန်ကြားချက် များအတိုင်း လိုက်နာကြရန် အသိပေးနှိုးဆော်ခြင်း၊ ဈေးသို့လာရောက်သော ဈေးဝယ်သူများကို ခရိုင်/မြို့နယ် အား/ကာမှ လက်ဆေးနည်းသရုပ်ပြသခြင်းနှင့် ဒီကမ္ဘာ့မြေကထွက်သွားပါ ကိုရိုနာ သီချင်းတို့ဖြင့် သရုပ်ပြခြင်းနှင့်နှာခေါင်းစည်း (Mask)များ ဝေငှပေးခြင်းတို့ကို ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများ၊မြို့နယ် Woman Clubအသင်းအဖွဲ့ဝင်များနှင့် ခရိုင်/မြို့နယ်အား/ကာဝန်ထမ်းများ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ရမည်းသင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မှ ပြည်သူများအား အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လူမှုရေးအသင်း အဖွဲ့များနှင့် ပူးပေါင်းကာ(Mark)နှာခေါင်းစည်းများ ဝေငှပေးခြင်းနှင့်ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းမိသားစုနှင့် အလှူရှင်များပူးပေါင်းပြီး ယခုလိုနှာခေါင်းစည်း(၁၀၀၀)ဝေငှကာ အသိပညာများစဉ်ဆက် မပြတ်ပေးရခြင်း ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်ဦးစီးမှူးကပြောသည်။
ဇော်ဝင်းအောင် (ခရိုင်ပြန်/ဆက်)