လွိုင်ကော် ဇန်နဝါရီ ၂
၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းအတွင်း ကျင်းပပြုလုပ်မည့် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)သို့ သွားရောက်ယှဉ်ပြိုင်မည့် ကယားပြည်နယ် ကိုယ်စားပြု တိုင်းရင်းသားအလှမယ်ရွေးချယ်ပြိုင်ပွဲကို ယမန်နေ့ ည ၇ နာရီက လွိုင်ကော်မြို့ ၊ ကယားပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်ပေးဒိုင်များ၊ Trainer များအား မိတ်ဆက်ခြင်း၊ Opening Dance ကပြ ဖျော်ဖြေခြင်းနှင့် ပြိုင်ပွဲဝင်အလှမယ်များအား မိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် Miss Ethnic Myanmar 2019 တွင် သွားရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ်များနှင့် Miss Teen Tourism ဖိလစ်ပိုင် 2017 မေမြတ်နိုးခင်တို့အား မိတ်ဆက်ခြင်း၊ Loikaw Parish Youth အဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ Main Sponsor နှင့် Co-Sponsor အနေနှင့် ကူညီပေးသော ကုမ္ပဏီလုပ်ငန်းရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ပန်းစည်းပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ဆက်လက်၍ Traditional Ware Round ဖြင့် အလှပြယှဉ်ပြိုင်ခြင်း၊ Miss Universe Loikaw မေမြတ်နိုးခင် နှင့်အတူ Cypher Dancer Crew အဖွဲ့မှ ကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော် တေးသံရှင် ဖြိုးပြည်စုံ တို့က သီဆိုဖျော်ဖြေခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်နန်းစောခင်က Winner ဆုရရှိသော မဝတ်ရည်ဖူး၊ မဖြိုးသက်ဇင်၊ မအင်နိုးဆင့် (၃)ဦးတို့ အတွက် သရဖူ၊ စလွယ်၊ ပန်းစည်းနှင့် ဆုငွေများအား လည်းကောင်း၊ ကယားပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ၏ဇနီး ဒေါ်ခင်မမွှေးက First Runner Up ဆုရရှိသူအတွက် သရဖူ၊ စလွယ်၊ ပန်းစည်းနှင့် ဆုငွေများအား လည်းကောင်း၊ သယံဇတနှင့် သစ်တောဝန်ကြီး၏ ဇနီး ဒေါ်ငါးမြာက Second Runner Up ဆုရရှိသူအတွက် သရဖူ၊ စလွယ်၊ ပန်းစည်းနှင့် ဆုငွေများအား လည်းကောင်း ၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၏ဇနီး ဒေါ်လေးလေးထွန်း က Photogenic Award ဆုရရှိသူအတွက် သရဖူ၊ စလွယ်၊ ပန်းစည်းနှင့် ဆုငွေများအား လည်းကောင်း၊ ကယားပြည်နယ် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်နွယ်မူဝင်း က Best Confidence Award ဆုရရှိသူအတွက် သရဖူ၊ စလွယ်၊ ပန်းစည်းနှင့် ဆုငွေများအား လည်းကောင်း၊ Pretty Peacock ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးမှ Popular Award ဆုရရှိသူအတွက် သရဖူ၊ စလွယ်၊ ပန်းစည်းနှင့် ဆုငွေများအား လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
ထွန်းလေး (ပြန်/ဆက်)