ထန်တလန် အောက်တိုဘာ ၈
ချင်းပြည်နယ်၊ဟားခါးခရိုင်၊ထန်တလန်မြို့၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်မည့် အထူးရဲ (၁၀၅) ဦးအား အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး မဲရုံလုံခြုံရေးဆိုင်ရာ ဆင့်ပွားသင်တန်းကို ဖွင့်လှစ်ပို့ချပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် သက်ဆိုင်ရာနယ်မြေရဲစခန်းမှူးများကဦးဆောင်ကာ ထန်တလန်မြို့နယ်ရှိ အထူးရဲ (၁၀၅) ဦးတို့အား လက်နက်မဲ့စစ်ရေးပြသင်ခန်းစာ၊ အထူးရဲတပ်ဖွဲ့တစ်ဦး၏ သိသင့် သိထိုက်သည့် သင်ခန်းစာများနှင့် ရွေးကောက်ပွဲဥပဒေဆိုင်ရာ သင်ခန်းစာများ ပို့ချပေးလျက်ရှိပြီး မဲရုံလုံခြုံရေးဆိုင်ရာ အထူးရဲများ၏ တာဝန်ချိန်သက်တမ်းကာလသည် အောက်တိုဘာ ၁ ရက်နေ့မှ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)