မုံးကိုးမြို့၌ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေး လုပ်ငန်းများဆောင်ရွက်

မုံးကိုး ဖေဖော်ဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မုံးကိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ပျံ့ပွားလာခြင်းမရှိစေရန်နှင့် ပြည်သူလူထုများ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယနေ့ နံနက် (၁၀)နာရီအချိန် တွင် မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်၊ ဒေါက်တာဒီးအောင်နှင့် ဌာနဆိုင်ရာများဝိုင်းဝန်းပူးပေါင်းပြီး ရွေ့လျားအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေး ရွေ့လျားအသိပညာပေး လုပ်ငန်းများကို မုံးကိုးမြို့၊ မြန်မာ - တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်(မန်ဟိုင်းဂိတ်)မှ အဝင်/အထွက် သွားလာနေသည့် ပြည်သူများ၊ မြို့မဈေးနှင့် လူစုဝေးရာလမ်းစုံ၊ လမ်းခွများ၌ နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်းများ စနစ်တစ်ကျတပ်ဆင်သွားလာကြရန်နှင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကြိုတင်ကာကွယ်ရေး အသိပညာပေးဗဟုသုတများကို ဟောပြော ခဲ့ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)