ရိခေါ်ဒါရ် အောက်တိုဘာ ၈
အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသားရှစ်ဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ်မှတစ်ဆင့် အောက်တိုဘာ ၇ ရက်ညနေ ၆ နာရီခွဲအချိန်ခန့်က ရိခေါ်ဒါရ်မြို့သို့ ရောက်ရှိလာပြီး အ.ထ.ကခွဲကျောင်းရှိ Facility Quarantine နေရာ၌ တစ်ညအိပ် ရပ်နားပြီးနောက် ဖလမ်းမြို့သို့ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိရန် ယနေ့ နံနက်ကဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည်အမျိုးသား ၁၃ ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်းမြို့၊ တီးတိန်မြို့နယ်၊ တီးတိန်မြို့နှင့် လိုင်လိုကျေးရွာ၊ မတူပီမြို့နယ်၊ ရေဇွာမြို့၊ ဇာထောင်ကျေးရွာ၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခမ်းပတ်မြို့၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့များ၌ နေထိုင်သူများဖြစ်ကြပြီး အိန္ဒိယနိုင်ငံ၊ Bangalore မြို့သို့ ကျမ်းစာကျောင်း တက်ရောက်ရန် သွားရောက် ခဲ့သူများဖြစ်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့၌ Facility Quarantine အသွားအလာစောင့်ကြည့်ခြင်း ခံထားခဲ့ပြီးနောက် နေရပ်ပြန်လာကြသူများဖြစ်ကြောင်း၊ နေရပ်ပြန်လာသူများအား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိကြောင်းသိရသည်။
အဆိုပါ နေရပ်ပြန်လာသူ ၁၃ ဦးတို့သည် ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်းရှိ Facility Quarantine Center ၌ တစ်ညအိပ်ရပ်နားခဲ့ပြီး အောက်တိုဘာ ၈ ရက်နေ့ ယနေ့တွင် ဖလမ်းမြို့သို့ အသွားအလာကန့်သတ် စောင့်ကြည့်ထားရှိရန် မော်တော်ယာဉ် ငါးစီးဖြင့် ဆက်လက်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ် (ပြန်/ဆက်)