ဆွမ်ပရာဘွမ်မြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အားကွင်းဆင်း စစ်ဆေးကာ လက်ကမ်းစာစောင်များဖြန့်ဝေ

ဆွမ်ပရာဘွမ်  အောက်တိုဘာ ၈ 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက် (၃)ရပ်ကွက်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ ထားရှိမှုအခြေအနေ ကွင်းဆင်း စစ်ဆေး​​ခြင်းနှင့် လက်ကမ်း စာစောင်များဖြန့်ဝေမှုကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မဲဆန္ဒနယ်မြေများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်များ၏ စာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ ထားရှိမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အကျယ်တဝင့်သိရှိနိုင်ရန် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မကြာခဏမေးလေ့မေးထရှိသော မဲဆန္ဒရှင် စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ၊ သင့်အမည် မဲဆန္ဒရှင် စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီလား စသည့် လက် ကမ်းစာစောင်များ ပိုစတာများကို ဖြန့်ဝေပေးခဲ့ သည်။

ထိုနောက်  ကျေးရွာအုပ်စု (၉)အုပ်စုတွင် စာရင်းများအား ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကြေညာထားရှိမှုအခြေအနေကွင်းဆင်းစစ်ဆေးမှုနှင့် လက်ကမ်းစာစောင်များ ပိုစတာများ ဖြန့်ဝေမှု ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်မဲဆန္ဒရှင် ကပ်ထားကြေညာ​​​ခြင်းကို အောက်တိုဘာလ (၁)ရက်နေ့မှ (၁၄)ရက်နေ့ထိ ကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

ဆွမ်ပရာဘွမ် မြို့နယ်တွင် မဲရုံ (၁၂)ရုံရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်အမည်စာရင်း ကပ်ထားကြေညာရာတွင် မဲပေးပိုင်ခွင့်ရှိသူ ကျား (၉၄၀) ဦး၊ မ (၉၂၁) ဦး၊ စုစုပေါင်း (၁၈၆၁) ဦး ကြောင်းသိရသည်။

ကုဋေ (ပြန်/ဆက်)