ရွှေကူမြို့နယ်၌ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်

ရွှေကူ   အောက်တိုဘာ    ၈

ကချင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခင်မောင်မြင့်(ခ) ဦးဒိတ်သည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည်  ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေကူမြို့နယ် အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက အခြေခံလူတန်း စားအိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့ငွေများ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ကျေးရွာများရှိ ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်       ကိုယ်စားလှယ်မှ ဖြည့်စွက်အမှာစကား ပြောကြားသည်။

အဆိုပါ အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ခြင်းကို ကချင်ပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ရွှေကူမြို့နယ် ပန်းတင်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၂၅၁)စု၊ စင်းဖုတ်ကျေးရွာအုပ်စုမှ အိမ်ထောင်စု(၁၄၁)စုနှင့် မံဝိန်းကျေးရွာအုပ်စုရှိ အိမ်ထောင်စု (၁၂၅) စုတို့အား အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (၁၀၃၄၀၀၀၀)ကျပ်အား ကျေးရွာများအရောက် သွားရောက်၍ အခြေခံလူတန်းစားများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)