ဆီဆိုင်မြိုနယ်၌ Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီး

ဆီဆိုင်    အောက်တိုဘာ   

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလအတွင်း ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရန်အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash For Work စီမံကိန်းလုပ်ငန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ကျေးရွာပေါင်း()ရွာ၌ ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ Cash For Work စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးပေးပြီး ကျေးရွာသူ၊ ကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက် ခြင်းဖြစ်ကြောင်း Cash For Work စီမံကိန်းလုပ်ငန်းများကို  ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း(၁၀၀)ဖြင့် နောင်ယွေးကျေးရွာ၊ ထီးဖူးကျေးရွာ၊ တောင်းတပ်ကျေးရွာ၊ နောင်လိတ်ကျေးရွာ၊ ဝါးခရာကျေးရွာ၊ ကောင်ဝါးတောင်ကျေးရွာနှင့် ပန်အောင်းကျေးရွာတို့၌ ဆောင်ရွက်သည့် ရွာတွင်းသဲဗြုန်းလမ်းခင်းခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျေးရွာမတည်ရန်ပုံငွေဖြင့် ကျေးရွာ()ရွာမှ ပြည်သူများကို ငွေကျပ်သိန်း(၂၀၀၀) ဖြင့် စိုက်ပျိုးရေးလုပ်ကိုင်သူ(၆၉၆)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၁၅)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁၇)ဦးနှင့် ကုန်ထုတ်လုပ်ငန်းလုပ်ကိုင်သူ()ဦး၊ စုစုပေါင်း (၇၂၉)ဦးကိုလည်း နည်းစနစ်တကျ ထုတ်ချေးဆောင်ရွက်ပြီးဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်းထံမှ သိရသည်။

ခွန်ရဲထွေး(ဆီဆိုင်)