မုံးကိုးမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်း

မုံးကိုး  အောက်တိုဘာ ၈

မူဆယ်ခရိုင်၊ မုံးကိုးမြို့၊ မြို့အဝင်/မြို့အထွက်ဂိတ်တို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ အသုံးပြုရန်အတွက် နှာခေါင်းစည်း(၂)ထောင်နှင့် (Hand Gel)စုစုပေါင်း(၁၂)ဘူး တို့ကို ယမန်နေ့၊ ညနေပိုင်းအချိန်ခန့်က ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကိန်မိုင်နှင့်အဖွဲ့တို့က လာရောက်လှူဒါန်းခဲ့ပြီး မုံးကိုးမြို့၊ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်က လက်ခံရယူသည်။

မုံးကိုးမြို့၌ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိရာ ယခုလာရောက်လှူဒါန်းသည့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ စနစ်တစ်ကျ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)