သီပေါ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေကျောင်းရပ်ကွက် အတွင်းရှိ ရွှေကျောင်းရိပ်သာတွင် အသွားအလာကန့်သတ်စောင့်ကြည့် ခံထားရသူ ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ အင်တာနက်အခမဲ့ အသုံးပြုနိုင်ရန်အတွက် Wi-Fi များကို ယနေ့ နံနက်ပိုင်းက တပ်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Infinite Fiber internet Co., Ltd မှ သီပေါ Regional နှင့် ချိတ်ဆက်ပြီး အင်တာနက် အခမဲ့သုံးစွဲနိုင်စေရန်နှင့် အဆိုပါ အသွားအလာကန့်သတ် စောင့်ကြည့်ခံထားရသူပြည်သူများ၊ တာဝန်ကျဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ စိတ်အပန်းဖြေစေရန်၊ Internet အသုံးပြုခ ကုန်ကျသက်သာစေရန်၊ သတင်းများ စဉ်ဆက်မပြတ် ကြည့်ရှုနိုင်စေရန်နှင့် မိမိတို့စိတ်ဝင်စားသည့် အခြားအသိပညာ ဗဟုသုတရရှိစေမည့် ကဏ္ဍများ ကြည့်ရှုနိုင်စေရန်တို့အတွက် ရည်ရွယ်၍ လှူဒါန်းတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)