ရွှေကူမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်

ရွှေကူ     အောက်တိုဘာ    ၈

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာအုပ်စု  စာရေးဝန်ထမ်းများအား နိုင်ငံတော်မှပေးအပ်သော ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က မြို့နယ်အတွင်းရှိ  ရပ်ကွက်/ကျေးရွာအုပ်စု  စာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့ ငွေများပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထိုနောက် ရွှေကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု(၃၆)အုပ်စုရှိ စာရေးဝန်ထမ်းများအား  နိုင်ငံတော်မှ ချီးမြှင့်ထောက်ပံ့ငွေ တစ်ဦးလျှင် (၁၀၀၀၀၀)ကျပ်နှုန်းဖြင့် စာရေးဝန်ထမ်း (၃၆)ဦးအတွက် စုစုပေါင်း ချီးမြှင့်ထောက်ပံ့ငွေ (၃၆၀၀၀၀၀)ကျပ်အား ဗန်းမော်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းတို့က စာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)