အင်္ဂပူ၌ မြို့မဈေးနယ် နိမိတ်အတွင်းရှိဈေးများ၊ လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး

အင်္ဂပူ အောက်တိုဘာ ၈

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် အင်္ဂပူမြို့နယ် စည်ပင်သာယာရေး နယ်နမိတ်အတွင်းရှိ ထူးကြီးမြို့ မြို့မဈေးနှင့်လမ်းဘေးဈေးဆိုင်များ၊ အိမ်ဆိုင်များအား သတ် မှတ်စည်းကမ်းနှင့်အညီရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက် ၈  နာရီတွင် လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ စစ်ဆေးခြင်းကို အင်္ဂပူမြို့နယ်စည်ပင်‌ကော်မတီအဖွဲ့ဝင် ဦးလှိုင်စိုးနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ တာဝန်ရှိသူများ ထူးကြီးမြို့ မြို့မဈေးနှင့် လမ်းဘေးဈေးဆိုင်၊ အိမ်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါကာ ကွယ်ရေးအတွက်ဈေးရောင်းချသူများ၊ ဈေးဝယ်သူများအား နှာခေါင်းစည်း (mask)တပ်ဆင်၍‌ ရောင်းချ ဝယ်ယူရေး၊ မြို့မဈေးအတွင်းဆေးဝါးဆိုင်များနှင့် အခြေခံစားသောက်ကုန် ဆိုင်များမှလွဲ၍ ကျန်ရှိသည့်ဆိုင်များ ဖွင့်လှစ်မှုမရှိစေရေး၊ Take Way စနစ်ဖြင့် ရောင်းချမှု ရှိစေရေးအတွက် သတ်မှတ်စည်းကမ်းများနှင့်အညီ ရောင်းချခြင်းရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

မန်းကျော်(ပြန်/ဆက်)