ကရသူရိ ဇန်နဝါရီ ၃
ကျောင်းသား/ကျောင်းသူများနှင့် မိဘပြည်သူများ လွတ်လပ်ရေးနေ့သမိုင်းအကြောင်းနှင့် လွတ်လပ်ရေးကို ပြည်သူတစ်ရပ်လုံးပါဝင်ပြီး ခက်ခဲ့ပင်ပန်းစွာကြိုးပမ်းခဲ့ပုံများကို သိရှိကြရန် အတွက် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ လိုက်လံဖြန့်ဝေခြင်းကို ယနေ့ နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် လူစုဝေးရာ နေရာများသို့သွားရောက်ပြီး ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အတွက် အသိပညာဗဟုသုတများကို လက်ကမ်းစာစောင်များမှတစ်ဆင့် သိရှိကြရန်နှင့် လွတ်လပ်ရေးတည်တံ့ခိုင်မြဲရေး စုပေါင်းထိန်းသိမ်းကြရန် မျှဝေပေးခြင်းဖြစ်ပြီး ဇန်နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့တွင်လည်း ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးဝင်း(ပြန်/ဆက်)