ကန်ပက်လက် အောက်တိုဘာ ၈
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ မြို့နယ် လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက Online မှတဆင့် အသိပညာပေး တင်ဆက်ပေးခဲ့ကြပါသည်။
အဆိုပါ အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ကြပ်ကြီး ဦးသန့်ဇင်အောင်က ယာဉ်ထိန်းရဲတပ်ဖွဲ့၏ သမိုင်းကြောင်း၊ စတင်ဖွဲ့စည်းခဲ့သည့် ခုနှစ်၊ ယာဉ်စည်ကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိထားသင့်သည့် အချက်အလက်များနှင့် အနှေးယာဉ်များ၊ အမြန်ယာဉ်များနှင့် ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန် အချက်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးနှင့် အပြန်အလှန် ဆွေးနွေးမေးမြန်းချက်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ယခုအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမအတွင်း၌ စာကြည့်တိုက်ဆိုင်ရာ အသိပညာပေး အစီအစဉ်များအပြင် ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေမည့် Talk Show အစီအစဉ်များနှင့် ပြည်သူများအတွက် ဖျော်ဖြေရေး အစီအစဉ်များကိုပါ ရိုက်ကူး၍ ထုတ်လွှင့်ပေးလျှက် ရှိကြောင်းနှင့် ယင်းအစီအစဉ်များတွင် ပါဝင်လိုပါက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဆေးဦးစီးဌာနရုံး၊ ကန်ပက်လက်မြို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
လှသန်းရီ (ပြန်/ဆက်)