ရွှေကူ အောက်တိုဘာ ၈
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ထံသို့ PPE ဝတ်စုံများနှင့် အလှူငွေများပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၂ နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ ဗန်းမော်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွေးမြင့်က အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ဗန်းမော်ခရိုင်ပုဂ္ဂလိက မော်တော်ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက PPE ဝတ်စုံ(၅၀)စုံနှင့် ငွေကျပ်(၅၀၀၀၀၀)အား ရွှေကူမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေးကော်မတီအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းသည်။
ထိုနောက် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ရွှေကူမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်လုပ်ငန်း ကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများက ငွေကျပ်(၁၀၀၀၀၀၀)နှင့် ဂရမ်းရဲထွဋ်ကုမ္ပဏီမှ တာဝန်ရှိသူ များက ငွေကျပ်(၁၀၀၀၀၀၀)တို့ကို မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး ကော်မတီအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ရွှေကူ)