မက်မန်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲရုံများတွင် တာဝန် ထမ်းဆောင်ရန် နေရပ်အသီးသီးမှရောက်ရှိလာကြသည့် ဆရာ/ဆရာမများကို မက်မန်းမြို့ (အ.ထ.က)ကျောင်း၊ (အ.လ.က)အောင်သံလွင်ကျောင်းနှင့် မက်မန်းမြို့မင်းရန်အောင်(ခန်းခ)တို့တွင် Quarantine Centre၌ ထားရှိပြီး အသွားအလာ(၁၄)ရက်ကန့်သတ်ထားရှိကြောင်း သိရသည်။
အောက်တိုဘာလ(၇)ရက်နေ့အထိ (အ.လ.က)အောင်သံလွင်ကျောင်းတွင် Quarantine Centre တွင်(၁၆)ဦး၊ (အ.ထ.က)ကျောင်းမက်မန်းမြို့တွင်(၂၇)ဦး၊ စုစုပေါင်း(၄၃)ဦး၊ ဝင်ရောက်လျက်ရှိပြီး၊ ကျန်းမာရေးဝန်ထမ်းများက နေစဉ်ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည်။
ထို့အပြင်မြို့နယ် ကိုဗစ် -၁၉ ရောဂါထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ မြို့နယ်ကျန်းမာရေးဆရာဝန်ဒေါက်တာအောင်ကိုဝင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ဌာန ဆိုင်ရာများပူးပေါင်း၍ ဆရာ/ဆရာမများ အဆင်ပြေစေရေးအတွက် ဖြည့်ဆည်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မက်မန်း(ပြန်/ဆက်)