ကျိုက်လတ် ဇန်နဝါရီ ၃
ကျိုက်လတ်မြို့နယ် ၊ (၂) ဖြတ်လမ်းရှိ သဒ္ဓမ္မရံသီသာသနာ့ဗိဗ္မာန်တော်ကြီးတွင် ယမန်နေ့ နေ့လယ် (၃) နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မြို့ပေါ် ရပ်ကွက် (၆) ခုမှ ဒေသခံပြည်သူများ ၊ လူမှုရေးအဖွဲ့အစည်းများနှင့် လူထုတွေ့ဆုံပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျိုက်လတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းနှင့် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းပြောကြား ခဲ့သည်။ ထို့နောက် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်း က တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသူများက ဒေသဖွံ့ဖြိုးရေးအတွက် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့် (ပြန်/ဆက်)