မော်လမြိုင်ကျွန်းမြို့နယ် မြို့အဝင်စစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေး စောင့်ကြည့် စစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မော်လမြိုင်ကျွန်း  အောက်တိုဘာ  ၈

မော်လမြိုင်ကျွန်း မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က မြို့အဝင်စစ်ဆေးရေးဂိတ်၌  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များ ပူးပေါင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်မင်းဌေးနှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊  မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များမှ မြို့နယ်အတွင်းသို့ ဝင်ရောက် လာသူများအား ကိုယ်အပူချိန်စစ်ဆေးခြင်းနှင့် နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်စေရေး ကြပ်မတ် စစ်ဆေးခဲ့ပြီး လူအများစုဝေးရာနေရာများသို့ မသွားရန်၊ မဖြစ်မနေ ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ ပြင်ပသို့ပြန်လာပြီးတိုင်း လက်ကိုစနစ်တကျ ဆေးကြောရန်၊ ပြည်သူများ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန်နှင့် အသိပညာပေး ကြေငြာချက်များအား မြို့နယ်အတွင်း နေ့စဉ်လှည့်လည် ကြေငြာခြင်း လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အောင်အောင်(ပြန်/ဆက်)