မင်းတပ် အောက်တိုဘာ ၈
မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား မြို့အဝင်ဂိတ်များတွင် Rapid Test kit ဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု ရှိ/မရှိ ကျန်းမာရေး စစ်ဆေးပြီးမှသာ ဝင်ရောက်ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
မင်းတပ်ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်အရ မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များအား စက်တင်ဘာလ ၉ ရက်နေ့မှစ၍ Rapid Test kit ဖြင့် ကျန်းမာရေးစစ်ဆေးခြင်း စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းတပ်မြို့နယ်အတွင်းသို့ ဝင်ရောက်ဖြတ်သန်းမည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် Rapid Test kit ဖြင့် ကျန်းမာရေး စစ်ဆေးမှုအတွက် တစ်ဦးလျှင် (၂၀၀၀၀)ကျပ် ပေးဆောင်ရ မည်ဖြစ်ကြောင်း ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးထိုက်ထံမှ သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Rapid Test kit ဖြင့် ကျန်းမာရေး စစ်ဆေးခြင်းကို နံနက် (၇)နာရီခွဲအချိန် မှ (၁၀)နာရီ ခွဲအထိ တစ်ကြိမ်နှင့် ညနေ (၄)နာရီခွဲအချိန်မှ (၆)နာရီခွဲအချိန်ထိ တစ်ကြိမ်ဖြင့် တစ်နေ့လျင်(၂)ကြိမ် မြို့အဝင်ဂိတ်တွင် စစ်ဆေးပေး သွားမည် ဖြစ်ကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)