ဝိုင်းမော် ဇန်နဝါရီ ၃
ဇန်နဝါရီလ ၄ရက်တွင် ကျရောက်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် လွတ်လပ်ရေးကျောက်တိုင် ဖွင့်လှစ်ပွဲနှင့် ဧရာမော်ပန်းခြံ ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇန်နဝါရီ ၃ရက် နံနက် ၈နာရီခွဲ ဝိုင်းမော်မြို့ ဧရာမော်ပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီနှင့် တက်ရောက်လာ သူများအား ဝိုင်းမော်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် ခတ်ချို အခြေခံပညာအထက်တန်း ကျောင်းတို့မှဘင်ခရာအဖွဲ့ဝင်များက ကြိုဆိုဂုဏ်ပြုသီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကာ ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးဦးတင်မောင်ထွေးက ဧရာမော်ပန်းခြံ အဆင့်မြှင့်တင်ခြင်းနှင့် လွတ်လပ်ရေးကျောက်တိုင် တည်ဆောက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့မိမြို့ဖ ဦးကြည်ထွန်းက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီမှ ဘင်ခရာတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ကာ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံး၊၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်၊ ဝိုင်းမော်မြို့ နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၊ ဝိုင်းမော်မြို့နယ် စည်ပင်သာယရေးအဖွဲ့ ဒုတိယညွှန်ကြား ရေးမှူး ဦးတင်မောင်ထွေး၊ ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းတို့က လွတ်လပ်ရေးကျောက်တိုင်နှင့် ဧရာမော်ပန်းခြံအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးနော်လီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးလဂန်ဇယ်ဂျုံး၊၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဇယ်ခေါင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၅၀)ကျော် တက်ရောက်ကြောင်း သတင်းရရှိသည်။
ဖြိုးလှိုင်(ပြန်/ဆက်)