ကလိန်အောင် အောက်တိုဘာ ၉
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆိုင်ရာ သိကောင်းစရာများကို ပြည်သူအများ အလွယ်တကူ လေ့လာသိရှိနိုင်စေရန် တနင်္သာရီ တိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက် (၁၀) နာရီက အသိပညာပေး ပြသခြင်းဆောင်ရွက်သည်။
အသိပညာပေး နံရံကပ်စာစောင်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန် ကြေညာချက်များ၊ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရန်အတွက် မဲစာရင်း လာကြည့်သည့် ပြည်သူများအနေဖြင့် မဲစာရင်းကြည့်ရှုရာတွင် သင့်အမည် /မဲဆန္ဒရှင်စာရင်းမှာ ပါ/မပါ စစ်ဆေးပြီးပြီးလား၊ မဲဆန္ဒရှင်စာရင်းသွားရောက် စစ်ဆေးရန်သင့်မှာ /အချိန်မရှိ၊ မလုံလောက်ဖြစ်နေပါသလား၊ အွန်လိုင်းကနေစစ်ဆေးလိုက်ပါ၊ အမည်မပါလျှင် ပုံစံ (၃) ဖြင့် လည်းကောင်း၊ မဲစာရင်းတွင်မပါဝင်သင့် သူပါဝင်နေပါက ပုံစံ(၄)ဖြင့် လည်းကောင်း၊ အချက် အလက် မှားယွင်းနေပါက ပုံစံ(၈)ဖြင့်လည်းကောင်း ဖြည့်စွက် လျှောက်ထားနိုင်ရန်နှင့် မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်ကြောင်း သိရသည်။
မိုးမိုးခိုင်