မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ သိကောင်းစရာရုပ်ပုံများနှင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသ

မိုင်းပျဉ်း  အောက်တိုဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်ဘုတ်နှင့် ပြဘုတ်တို့တွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါဆိုင်ရာအသိပညာပေး ရုပ်ပုံများနှင့် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိကောင်းစရာများကို ပြည်သူများ သိရှိနိုင်ရန်အတွက်     ပြသထားကြောင်း သိရသည်။

အဆိုပါမြေစိုက်ဘုတ်တို့တွင် မီဒီယာနှင့်သတင်းအချက်အလက် သိရှိနားလည်မှုရှိသော မိဘအုပ်ထိန်းမှု အတတ်ပညာနှင့် ကျန်းမာရေးဆိုင်ရာနည်းလမ်းများ၊ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်နှင့် ထင်မြင်ယူဆချက်များ၊ လူမှုမီဒီယာပေါ်တွင် ဘေးကင်းလုံခြုံမှုအကြောင်း ဆွေးနွေးရာ၌ ဆောင်ရန်/ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ စသည့် အကြောင်းအရာများ ပါဝင်သော ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့်ပတ်သက်သည့် အသိပညာပေး ရုပ်ပုံများပြသထားသည်။

ထို့အပြင် ရွေးကောက်ပွဲအတွက်  ပြည်သူများ မေးလေ့ရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့် အဖြေများ၊ မဲဆန္ဒရှင်စာရင်းကပ်ထားကြေငြာမည့်အချိန်များ၊ မဲဆန္ဒရှင်စာရင်းတွင် မိမိအမည်များ မပါရှိခြင်း၊ မပါဝင်သင့်သူများပါဝင်နေခြင်း၊ အချက်အလက်များမှားယွင်းနေခြင်းတို့ရှိပါက ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းကပ်ထားစဉ် ၁၄ ရက်အတွင်း သတ်မှတ်ပုံစံများဖြင့် ပြန်လည်ပြင်ဆင်ခြင်း၊ ဖြည့်စွက်၊ ပယ်ဖျက်ပေးရန် လျှောက်ထားနိုင်ကြောင်း သိကောင်းစရာများ၊ မိမိတို့၏မဲစာရင်းများကို အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုသည့်နည်းလမ်းများနှင့် မိမိအမည် စာရင်းများ ပါ/မပါ စစ်ဆေးရန်တိုက်တွန်းချက်များ ဖော်ပြထားကြောင်း သိရသည်။

မေမွန်ထွဋ်၊ ပြန်/ဆက်