ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ပေးအပ်

ရွာငံ     အောက်တိုဘာ  ၉

ကိုဗစ်-၁၉ ကပ်ရောဂါ စီးပွားရေးကုစားမှုအစီအစဉ်အရ သက်ကြီးရွယ်အိုများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရပ်ကွက်/ကျေးရွာများရှိ သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့အရောက် ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်က တာဝန်ရှိသူများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ငွေများပေးအပ်ရာတွင် ရွာငံမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ထားထားစိုးနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများက ရွာငံမြို့နယ်အတွင်းရှိ အသက် ၈၀ နှစ်နှင့် ၈၅ နှစ်အကြား သက်ကြီးဘိုးဘွား ၃၉၇ ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀ဝိ/- (သုံးသောင်းကျပ်) နှုန်းဖြင့် စုစုပေါင်း ၁၁၉၁၀၀၀ဝိ ကျပ်အား သက်ကြီးဘိုးဘွားများတို့၏ နေအိမ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ရွာငံ)